Disqus Shortname

LightBlog

Breaking

LightBlog

Monday, November 30, 2015

လွတ်​လပ်​​ရေး​နေ့အထိမ်းအမှတ်​ စစ်​တုရင်​ပြိုင်​ပွဲကျင်းပမည်


လားရှိုး၊နိုဝင်ဘာ ၃၀။

လာမည့် ၂၀၁၆ခုနှစ် ဇန်နဝါရီ ၄ ရက်တွင်ကျရောက်မည့် (၆၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လားရှိုးမြို့၌
အပြည်ပြည်ဆိုင်ရာစစ်တုရင်ပြိုင်ပွဲ တစ်ရပ်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါစစ်တုရင်ပြိုင်ပွဲကို လားရှိုးမြို့၊လမ်းမတော်လမ်းရှိ ကြက်ခြေနီရုံးခန်းမ၌ ၁.၁.၂၀၁၆ ၊
နံနက် ၈ နာရီမှစတင်ကာ၃.၁.၂၀၁၆ ထိ ၃ရက်တိုင်တိုင်ကျင်းပမည်ဖြစ်ပြီး အလွတ်တန်းနှင့် အသက်၁၈နှစ်အောက်ဟူ၍
 ပြိုင်ပွဲအဆင့်နှစ်ရပ်သတ်မှတ်ထားသည်။

ဆုကြေးများမှာ အလွတ်တန်းတွင် ပထမဆု ၁၀၀,၀၀၀ ကျပ်၊ဒုတိယဆု ၇၀၀၀၀ကျပ် နှင့် တတိယဆု ၅၀၀၀၀ကျပ်ဖြစ်ပြီး
အသက် ၁၈နှစ်အောက်ပြိုင်ပွဲတွင် ပထမဆု ၅၀၀၀၀ကျပ်၊ဒုတိယဆု ၃၀၀၀၀ကျပ် နှင့် တတိယဆု ၂၀၀၀၀ကျပ်
 ချီးမြှင့်မည်ဖြစ်သည်။

ပြိုင်ပွဲဝင်လိုသည့် စစ်တုရင်အားကစားသမားများအနေဖြင့်
လားရှိုးမြို့ မြို့နယ်အားကာမှူးရုံး၊ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ၊လားရှိုးမြို့ လမ်းမတော်လမ်း ဗဟိုမီးသတ်ရှေ့ရှိ ဝမ်းဝမ်းကွန်ပျူတာနှင့်ရပ်ကွက်၂၊ဗိုလ်ချုပ်လမ်းနှင့် စံကောင်းလမ်းထောင့်ရှိမဟာမိတ် မိုဘိုင်းတို့တွင် စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
သတင်းရင်းမြစ်- Lashao News public group

No comments:

Post a Comment

Adbox