သန်းမင်းလှိုင်
စစ်တုရင်ကစားတဲ့နေရာမှာ thinking တွေကအရေးကြီးပါတယ်။
စစ်တုရင်ဟာအတွေးတွေကိုပုံဖော်ရတဲ့အားကစားနည်းပါ။
အတွေးကောင်းရင်ကောင်းသလို နိုင်ခြင်းရှုံးခြင်းတွေဖြစ်နိုင်ပါတယ်။
စစ်တုရင်ပါရဂူကြီးတစ်ဦးကမိန့်ပါတယ်။
စစ်တုရင်ဆိုတာ အနုပညာ၊ သိပ္ပံနဲ့ ၊အားကစားပေါင်းစပ်ထားတယ်တဲ့။
ဒါဆိုစစ်တုရင်ဆိုတာ အနုပညာရှင်တွေရဲ့ပျော်မွေ့ရာ၊ သိပ္ပံပညာရှင်တွေရဲ့ ပျော်မွေ့ရာ၊ အတွေးအခေါ်ပညာရှင်တွေရဲ့ပျော်မွေ့ရာဆိုရင်လည်းမှားမယ်မထင်ပါဘူး။
ဒီနေ့မှာတော့ ကျနော်က စစ်တုရင်ရဲ့
Prophylactic thinking တွေ ကိုအနည်းငယ် ဝေဖန်သွားမှာပါ။
Prophylactic ဆိုတာကတော့ ကာကွယ်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ပါတယ်.
prevent လို့မှတ်ချင်ရင်လည်းရပါတယ်။
အချို့ပညာရှင်တွေက waiting move လို့လည်း ဆိုကြပါတယ်။
ကျနော့်အမြင်အရပြောရရင်Prophylactic ဆိုတာ ကတော့
ပြိုင်ဘက်ရဲ့ အကြံအစည်ကိုရိပ်မိပြီး ပြိုင်ဘက်ကမလုပ်နိုင်အောင်တားဆီးတာမျိုး၊
ပြိုင်ဘက်ရဲ့တိုက်စစ်ကိုကြိုတင်တားဆီးတာမျိုး၊
မိမိကိုလာပြီးမခြိမ်းခြောက်အောင် ကြိုတင်တားဆီးတာမျိုးပဲဖြစ်ပါတယ်။
စစ်တုရင်မှာကဝိကြီးတစ်ဆူဖြစ်တဲ့နင်ဇိုဗစ်
က ခုလိုပဲမိန့်ပါတယ်။
" The essence of positional play is
not attack or defence but prophylactical
measures"
ဆိုလိုချင်တာကတော့ ပိုဆက်ရှင်နယ်ပလေး ဆိုတာ
တိုက်စစ်လည်းမဟုတ်သလိုခံစစ်လည်းမဟုတ်ပါဘူး။
ကြိုတင်ပြီးလုပ်သင့်တာတွေကိုလုပ်ရမှာပါတဲ့။
Prophylactic move ဆိုတာကတော့ ပြိုင်ဘက်ရဲ့တိုက်စစ်ဆင်လာနိုင်တာကို
ကာကွယ်တာတင်မကပဲ မိမိရဲ့ အစီအစဉ် Plan တွေပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းပါ။
အငယ်တန်း ချက်သမားတွေကို သင်ပေးလေ့ရှိတာက
ပြိုင်ဘက်ဘာလုပ်ချင်တာလဲဆိုတာကိုသေချာကြည့်ပြီးတော့ သင့်တော်တဲ့ တန်ပြန်မှုလုပ်ရမယ်။
ဒါမှမဟုတ်ရင် မိမိရဲ့ အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖေါ်ဖို့ပါ။
ယနေ့မော်ဒန်ချက်လောကမှာ
Prophylactic thinking နဲ့ပတ်သက်ပြီးခွဲပြထားတာသုံးမျိုးရှိပါတယ်။အဲဒါတွေကတော့.....
1) Elementary Prophylactics
2) Elementary Prophylactics Elimination of tactical threats
3)Elimination of strategical threats တို့ပဲဖြစ်ပါတယ်။
ရှင်းပါအံ့
၁)က မိမိမြင်းကိုလာပြီးမအုပ်နိုင်အေင် h3 .a3 တက်တာမျိုးကိုဆိုလိုပါတယ်။
၂)ကတော့ ပိုမိုရှုပ်ထွေးတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။တိုက်ကောင်များကို
လဲပေးခြင်းဖြင့် မိမိအတွက် အခွင့်သာစေမဲ့ အနေအထားမျိုးကိုဖန်တီးတာမျိုးပါ။
၃)ကတော့ ပိုမိုရှုပ်ထွေးပါတယ်။ တိုက်ကောင်များနဲ့ ပွန်များကိုချိန်းပြီး
ပြိုင်ဘက် တိုက်ကောင်တွေရဲ့ လှုပ်ရှားမှုနဲ့အနေအထားကိုအားနည်းသွားအောင်
ဖန်တီးတာမျိုးပါ။
မှတ်သားစရာတစ်ခုက
ဘာရွေ့မယ်လို့ဆုံးဖြတ်ပြီးချိန်မှာ
ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားကို တစ်မိနစ်လောက်အချိန်ယူပြီးသုံးသပ်ပါတဲ့။
မြန်မာစစ်တုရင်ကစားသမားများ
Prophylactic Thinking တွေးနိုင်ကြပါစေ။
ကိုးကား FIDE TRG Syllabus
No comments:
Post a Comment