သန်းမင်းလှိုင်
ကမ္ဘာ့စစ်တုရင်ပြိုင်ပွဲရဲ့ကင်ဒီဒိတ်ပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ
ထိပ်ဆုံးမှာရောက်နေတဲ့ အာရိုနီယန်နဲ့ သမ္ဘာရင့်အာနန်တို့ရဲ့ ပွဲဟာ
အလွန်မှပဲစိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေပါတယ်။
အနန်ဟာ ကာဆန်နဲ့ တတိယအကြိမ် စိန်ခေါ်သူအနေနဲ့ ကစားချင်နေသလို
အာရိုနီယန်အနေဖြင့်လည်းကမ္ဘာ့စစ်တုရင်ဗိုလ်လုပွဲကိုတက်ရောက်နိုင်ဖို့
အလွန်မှပဲအရေးပါတဲ့ပွဲတစ်ပွဲပဲဖြစ်ပါတယ်။
ဒီပွဲမှာကစားသွားတဲ့အဖွင့်ဟာ ဂျူကိုပီယာနိုအဖွင့်ဖြစ်ပြီး
ယနေ့စစ်တုရင်လောကမှာပြန်လည်ရေပန်းစားလာတဲ့ အဖွင့်ပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အမျိးသမီးကမ္ဘာ့စစ်တုရင်ပြိုင်ပွဲမှာလည်းမာရီယာကစားခဲ့သလို
ယနေ့စူပါဂျီအမ်များလည်းပြန်လည်ကစားကြတာတွေ့ရပါတယ်။
ပြိုင်ပွဲတစ်ခုကိုပြန်လည်သုံးသပ်မယ်ဆိုရင်.....
၁။ဗဟို
၂။ပွန်တည်ဆောက်ပုံ
၃။ကစားကောာင်သွက်လက်မှု
၎။ဘုရင်အနေအထား
၅။နယ်မြေအသာရမှု
စတဲ့အချက်တွေနဲ့သုံးသပ်ရမှာဖြစ်ပါတယ်။
ဒီပွဲမှာ အနန်ဟာ ဘုရင်မဘက်ခြမ်းကို ထိန်းချုပ်ပြီးဘုရင်ဘက်ခြမ်း
ကနေတစ်ဆင့်အနိုင်လိုက်သွားတာကိုတွေ့မြင်ရမှာဖြစ်သလို
ကင်းဆိုက်ကနေ တိုက်ဖို့အတွက် အစီအမံတွေချမှတ်သွားတာလည်း
အလွန်မှပင်အတုယူမှတ်သားဖို့ကောင်းပါတယ်။
ဒီပွဲမှာ အနန်ရဲ့ ပွန်တည်ဆောက်ပုံ ဟာအလွန်မှကောင်းမွန်လှ ပြီး
နယ်မြေစိုးမိုးမှုအသာရခဲ့တာကိုတွေ့ရပါတယ်။
ဘုရင်ချင်းနိုင်းယှဉ်မယ်ဆိုရင် အနန်ရဲ့ ဘုရင်ဟာ သွက်နေတာ ကိုတွေ့ရမှာဖြစ်ပြီး
တိုက်စစ်အထိလိုက်ပါကစားခဲ့လို့ အနိုင်ရခဲ့တာပါ။
ရထားချင်းမလဲဘဲရှောင်ခဲ့တဲ့ အနန်ရဲ့ prophylactic thinking ဟာ
တကယ်ပဲကောင်းခဲ့လို့နိုင်ပွဲကိုဆွတ်ခူးခဲ့တာပါ။
ကဲကစားပွဲကိုတင်ပေးလိုက်ပါတယ်။
မြန်မာစစ်တုရင်ကစားသမားများလက်ရည်တက်ကြပါစေ။
No comments:
Post a Comment