Kyaung Sayar
ကက်စ်ပါးရော့ဗ်ကို 13-4-1963မှာ အဇာဘိုင်ဂျန်မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဝင်စတိန်းWeinsteinက ရုရှားနွယ်ဖွားဂျူးလူမျိုးတစ်ယောက်ဖြစ်ပြီး မိခင်ကလာရာဂက်စ်ပါရီယန်က အာမေးနီးယားသူပါ။
ကက်စ်ပါးရော့ဗ်ဟာ ၇နှစ်သားအရွယ်မှာ သူ့မိဘ၂ပါးကစားနေတဲ့ စစ်တုရင်ပွဲတစ်ပွဲမှာ နှစ်ဖက်အငြင်းပွားနေတဲ့ အနေအထားကို ကြားဝင်စေ့စပ်ပြီး အဖြေထုတ်ပေးနိုင်ခဲ့ပါတယ်။ ဖခင်ဖြစ်သူဟာ ကက်စ်ပါးရော့ဗ် ငယ်ရွယ်စဉ်မှာပဲ သွေးကင်ဆာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့အသက်၁၂နှစ်မှာ မိခင်ဖြစ်သူရဲ့ အာမေးနီးယန်းမျိုးရိုးအမည်ဖြစ်တဲ့ ဂက်စ်ပါရီယန်ကို ရုရှားဘာသာအရ ဆီလျော်အောင် ဖလှယ်ပြီး ကက်စ်ပါးရော့ဗ်ဆိုတဲ့အမည်ကို ခံယူခဲ့ပါတယ်။ နာမည်အပြည့်အစုံကတော့ ဂယ်ရီကက်စ်ပါးရော့ဗ်ပါ။
ကက်စ်ပါးရော့ဗ်အသက်၁၀နှစ်မှာ ဂရင်းမာစတာဘော့ဗင်းနစ်ရဲ့ စစ်တုရင်သင်တန်းကျောင်းကို တက်ရောက်ခဲ့ပါတယ်။ သူအဓိကသင်ယူခဲ့တာက ကာရိုကန်ခံစစ်Caro-Kann Defenceနဲ့ ကွင်းဂမ်းဘစ်ဒီကလိုင်းQueen's Gambit Declinedပါ။ ၁၉၇၆ခုနှစ်၊ တီဘလီဆီမြို့မှာ ကျင်းပခဲ့တဲ့ Soviet Junior Championshipပြိုင်ပွဲမှာ အသက်၁၃နှစ်အရွယ် ကက်စ်ပါးရော့ဗ်က ဗိုလ်စွဲခဲ့ပါတယ်။ နောက်တစ်နှစ်မှာလည်း သူဟာ အဲဒီဖလားကို ထပ်မံရရှိခဲ့ပါတယ်။
၁၉၇၈၊ ဆိုကောလ်စကီးSokolskyအမှတ်တရစစ်တုရင်ပြိုင်ပွဲမှာ ကက်စ်ပါးရော့ဗ်ဟာ အထူးခွင့်ပြုချက်နဲ့သာ ပါဝင်ခွင့်ရခဲ့ပေမယ့် အဲဒီပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်ခဲ့ပြီး စစ်တုရင်မာစတာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အသက်၁၅နှစ်အရွယ်မှာပေါ့။ ဒီပြိုင်ပွဲမှာ အနိုင်ရခဲ့ခြင်းဟာ သူ့ဘဝရဲ့အလှည့်အပြောင်းတစ်ခုဖြစ်ပြီး စစ်တုရင်သမားအနေနဲ့ အသက်မွေးဖို့ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာသွားစေတယ်လို့ ကက်စ်ပါးရော့ဗ်က မကြာခဏပြန်ပြောင်းပြောဆိုလေ့ရှိပါတယ်။
အဲဒီနှစ်မှာပဲ ကက်စ်ပါးရော့ဗ်ဟာ Soviet Chess Championshipပြိုင်ပွဲမှာ အသက်အငယ်ဆုံး လက်ရည်စစ်ပွဲအောင်မြင်သူဖြစ်လာခဲ့ပါတယ်။
အဲဒီနောက် ကက်စ်ပါးရော့ဗ်ဟာ တစ်ဟုန်ထိုးတိုးတက်လာခဲ့ပြီး ၁၉၇၉ခုနှစ်၊ ဘော့စ်နီးယားနိုင်ငံ၊ ဘန်ဂျာလူကာမှာကျင်းပတဲ့ ဂရင်းမာစတာပြိုင်ပွဲမှာ နှုတ်ထွက်သွားခဲ့သူဗစ်တာကော့ခ်ျနွိုင်းရဲ့နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။
အဲဒီပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် ကက်စ်ပါးရော့ဗ်ဟာ ကမ္ဘာ့အဆင့်၁၅ကို ရောက်ရှိလာခဲ့ပြီး ထိပ်တန်းစစ်တုရင်သမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ နောက်တစ်နှစ်မှာတော့ ဒေါ့မွန်မှာကျင်းပတဲ့ ကမ္ဘာ့လူငယ်စစ်တုရင်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သလို အဲဒီနှစ်နှောင်းပိုင်း မော်လ်တာနိုင်ငံမှာကျင်းပတဲ့ စစ်တုရင်အိုလံပစ်ပြိုင်ပွဲမှာ ဆိုဗီယက်အသင်းသားဖြစ်လာခဲ့ပြီး ဂရင်းမာစတာအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
စာရေးသူ၏ Facebook စာမျက်နှာသို့ သွားရန်...ဒီကိုနှိပ်ပါ။
Monday, December 14, 2015
ကက်စ်ပါးရော့ဗ် သို့မဟုတ် စစ်တုရင်လောကရဲ့ ဗီသိုဗင်န် အပိုင်း ၁
About Unknown
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Sketch
Labels:
Sketch
Subscribe to:
Post Comments (Atom)
No comments:
Post a Comment