လူတစ်ဦး....
ခုံပုလေးတစ်လုံးပေါ်မှာထိုင်ရင်း
မျက်မှောင်ကြီးကျုတ်လျက်...
တစ်စုံတစ်ခုကို..
သူ..လေးလေးနက်နက်စဉ်းစားနေပုံရပါသည်။
ကမ္ဘာလောကကြီး၏..ပြဿနာများအား..တည်ငြိမ်မှုအပြည့်ဖြင့်ထမ်းပိုးထားပုံရသည့်...သူ၏ဟန်ပန်ကိုကြည့်ရသည်မှာ..
ရိုဒင်၏..thinker ပန်းပုရုပ်ထုအလား....
ရုတ်တရက်...သူ၏လက်တစ်ဖက်လှုပ်ရှားသွားပြီး..
မျက်မှောင်ကြီးများလည်းပြေလျော့သွားပါ၏။တပြိုင်နက်တည်းမှာပင်
လက်ခုပ်သံများလည်း..ထွက်ပေါ်လာပါသည်။
သူ၏ပွဲသိမ်းရွှေ့ကွက်ပေကိုး..။
စစ်တုရင်ပြိုင်ပွဲတစ်ခုဖြစ်ပါသည်။
နေရာကား...ရန်ကုန်မြို့၏ အထင်ကရလမ်းတစ်ခုဖြစ်သည့်..
မဂိုလမ်းခေါ်...ယခု ရွှေဘုံသာလမ်း။
ရွှေဘုံသာလမ်းတွင် ယခုလိုအချိန်ရောက်တိုင်း..စစ်တုရင်ပြိုင်ပွဲတစ်ခုကို..လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ကျင်းပလာခဲ့သည်မှာ..၁၁နှစ်တိုင်ရော့မည်။
"ကျွန်တော်တို့.. ၂၀၀၅မှာစစ်တုရင်ကလပ်တေစဖွင့်ကြတယ်..ရွှေဘုံသာ..စမ်းချောင်း..မြောက်ဒဂုံ...နောက်နယ်တွေရောပဲ..ဘားအံတို့ဘာတို့ပေါ့..အဲ့ကတည်းက ဒီပြိုင်ပွဲကိုလုပ်လာတာပါ..
ကျန်တဲ့ကလပ်တေတော့မသိဘူး..စမ်းချောင်းကတော့..
မကြာသေးခင်ကပြိုင်ပွဲလုပ်တယ်..ဒီမှာလည်း..ပြိုင်ပွဲဆိုပေမဲ့..မြင်တဲ့အတိုင်းပဲ..နာရီကခုံတိုင်းမရှိဘူး..ပြီတော့..ခုံပုလေးတေနဲ့..လမ်းဘေးမှာပဲ..
ဒါပေမဲ့စိတ်ဝင်စားကြပါတယ်။လူအတော်များများ လာပြီးအားပေးကြတယ်ဗျ။"
မြန်မာနိုင်ငံတွင်..စစ်တုရင်အားကစားနည်းအပေါ်..လူစိတ်ဝင်စားမှုအတိုင်းအတာကား..မသေးလှ..။မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်အပြင် ယခုကဲ့သို့.
စိတ်တူကိုယ်တူများစုပေါင်း၍ ကလပ်တစ်ခုအဖြစ် စုစည်းထားကြသည်များလည်းရှိသည်။အချို့သော ကလပ်များမှာ ယခုကဲ့သို့ပြိုင်ပွဲများကျင်းပ၍..တစ်နိုင်တစ်ပိုင် ဆုကြေးများကို ကွက်ကွက်ကွင်းကွင်းချီးမြှင့်ကြလေ့ရှိသည်။
"အခု ပြိုင်ပွဲဝင်က ၂မျိုးရှိတယ်။အသင်းသားနဲ့..ပြင်ပပြိုင်ပွဲဝင်ပေါ့..ပြိုင်တာကတော့..ရောပြိုင်ကြတာပါ။
ဆုကြေးကတော့..အလွတ်တန်းအတွက် .ပထမဆုက ၂သိန်း..ကနေ အဋ္ဌမဆု တစ်သောင်းအထိပေါ့။အသင်းသားတေအတွက်ကတော့ပထမဆု ၇သောင်းကနေ ပဉ္စမဆု တစ်သောင်းပေါ့.."
မည်သို့ပင်ဖြစ်စေ..လက်ရှိမြန်မာနိုင်ငံ၏ စစ်တုရင်အဆင့်အတန်းကား..
သိပ်မနိမ့်လှဘူးဟုဆိုသည့်တိုင်...အားရဖွယ်ကားမရှိလှ။အိမ်နီးချင်းနိုင်ငံများတွင် ကမ္ဘာ့အဆင့်top 100အတွင်းရောက်နေသည့်
ဆယ်ကျော်သက် Grand Masterလေးများ အလျှိုလျှိုပေါ်ထွက်နေချိန်၌
မြန်မာနိုင်ငံတွင် ဦးဇော်ဝင်းလေးနောက်ပိုင်း..
GMတယောက်မှထွက်ပေါ်လာနိုင်မှု မရှိခြင်းကလည်း မြန်မာစစ်တုရင်လောကအတွက် အားနည်းချက်တစ်ရပ်ဖြစ်လို့နေပြန်ပါသည်။
အကြောင်းတရားများကတော့...ရှိပေမည်။
အခက်အခဲများကလည်း ရှောင်မလွဲပင်။
သို့နှင့်တိုင် မြန်မာနိုင်ငံရှိစစ်တုရင်သမားများကတော့..
တက်မရှိလျှင်လည်း လက်နှင့်လှော်နေကြဆဲ။စစ်တုရင်သမားပီပီ..
အကျဉ်းအကျပ် အခက်အခဲနှင့် ပြဿနာဆိုသည်မှာ သူတို့အတွက် ထမင်းစားရေသောက်မျှသာ။ပဲခူး၊သာကေတ ..ယုဇန ..မန္တလေး စသည်ဖြင့်..
စစ်တုရင်ကလပ်ာများ ဆက်လက်တည်ထောင်ကြိုးစားနေကြသလို..
On line အနေဖြင့်myanmar Chess Player,စစ်တုရင်ဝါသနာရှင်များ.၊ GM norm နှစ်ကြိမ်ရရိပြီးသူ IM ဦးမျိုးနိုင်၏ Chess Learning Group...စသည်ဖြင့်facebook groupလုပ်၍ အသိပညာဖလှယ်ဖြန့်ဝေမှုများပြုလုပ်လာကြသည်ကိုလည်းတွေ့ရသည်။
မည်သို့ပင်ဖြစ်စေ...ရွှေဘုံသာစစ်တုရင်ပြိုင်ပွဲမှအစပြုကာ..
မြန်မာGMများထွက်ပေါ်လာရေးကိုတော့...မြင်ယောင်နေရဦးမည်ပင်။
Monday, December 7, 2015
ရိုဒင်၏ လမ်းနံဘေးကပန်းပုရုပ်များ သို့မဟုတ် ရွှေဘုံသာစစ်တုရင်ပြိုင်ပွဲ
About Unknown
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
Feature
Labels:
Feature
Subscribe to:
Post Comments (Atom)
No comments:
Post a Comment