ဉာဏ်လင်းထက်(သင်္ဂဇာမြေ)
Hess Visualization Training အကြောင်း
Mind/Brain Sport ဖြစ်တဲ့ chess နဲ့ပတ်သတ်ပြီး စိတ်နဲ့ကစားတဲ့အကြောင်းကို ပို့စ်တစ်ခုတင်ဖူးပါတယ်။
လက်ရည်တက်လာဖို့၊ Reading/Calculating Skill အတွက် လေ့ကျင့်သင့်တဲ့အကြောင်းကို ရေးခဲ့တာပါ။
အခုchessimprovement.netကနေ ညွှန်ပြထားတဲ့
Chess Visualization Training အကြောင်းကို ပြောလိုပါတယ်။
သူက အဲဒါနဲ့ပတ်သက်ပြီး youtube မှာ video (၂) ခု တင်ထားပါတယ်။
သူ့နည်းကတော့ - ကိုယ်ကြိုက်တဲ့ကစားပွဲတစ်ခုကိုရွေးပြီး ရှေ့မှာ chess board ကို ကစားရုပ်အစုံနဲ့တင်ထားခိုင်းပါတယ်။ ကစားရုပ်တွေကို မရွှေ့ခိုင်းသေးဘဲ စိတ်နဲ့ရွှေ့ရတော့မှာပါ။ ပထမတစ်ဆင့်အတွက် တစ်ဖက်ကိုရွှေ့လှည့် (၅) လှည့်စီဆိုတော့ (၁ဝ) ကွက်လို့ ပြောချင် ပြောလို့ရတာပေါ့လေ။ သူက အဲဒီ (၁၀) ကွက်ကို ပါးစပ်နဲ့ဆိုပြပြီး ကျွန်တော်တို့ကို စိတ်နဲ့ပဲ ရွှေ့ခိုင်းတာပါ။ ကိုယ့်ဘာသာကိုယ် လေ့ကျင့်မယ်ဆိုရင်တော့ ရွှေ့ကွက်မှတ်တမ်းကိုကြည့်ပြီး ရွှေ့ရမှာပေါ့ဗျာ။ အဲဒီလို ပထမ (၁၀) ကွက်ပြီးတဲ့အခါ၊ မှတ်မိတဲ့အခါ ကစားရုပ်တွေကို ရွှေ့ကွက်အတိုင်းလိုက်ရွှေ့ထားလိုက်ပါတယ်။ ကစားပွဲအနေအထားပြောင်းသွားပြီပေါ့။ အဲဒီနောက် အခုလိုပဲ နောက်ထပ် (၁၀) ကွက်ကို စိတ်နဲ့ရွှေ့ခိုင်းတာပါ။ ဒီနည်းနဲ့ ပွဲပြီးသွားအောင် လေ့ကျင့်ခိုင်းပါတယ်။
ကျွန်တော့်အထင်တော့ ပထမဆုံးလေ့ကျင့်ရင် ကစားကွက်နည်းနည်းနဲ့ ပွဲပြီးသွားတာမျိုးကို ရွေးသင့်တယ်ထင်ပါတယ်။
ဒါမှ ကျွန်တော်တို့လို လေ့ကျင့်ခါစ လူတွေအဖို့ စိတ်ဝင်တစားလုပ်နိုင်မှာပါ။ ကျွန်တော်ရေးထားတာ ရှင်းလောက်မယ်ထင်ပါတယ်။ မရှင်းရင်လည်း အောက်မှာပေးထားတဲ့ လိမ္မော်ရောင် လင့်ကလေးကှိုနှိပ်ပြီး မူရင်း video လေးတွေကို သွားကြည့်ကြပါခင်ဗျာ။
http://www.youtube.com/watch?v=aDhEXhiP4Xo
http://www.youtube.com/watch?v=QYvb61MtRlk
စစ်တုရင်သင်ခန်းစာများပိုမိုလေ့လာလိုပါက ဆရာဉာဏ်လင်းထက်၏ စာမျက်နှာသို့ သွားရန်....ဒီကိုနှိပ်ပါ။
No comments:
Post a Comment