ပျဉ်းမနား ၊ဒီဇင်ဘာ ၁၃။
ပျဉ်းမနားမြို့နယ် စစ်တုရင်ဆပ်ကော်မတီကကြီမှူး၍ စစ်တုရင်ပြိုင်ပွဲတစ်ရပ်ကို လာမည့် ၂၄.၁၂.၂၀၁၅ ၊နနံနက်၉နာရီမှ ၂၇.၁၂.၂၀၁၅ ထိ ပျဉ်းမနားမြို့ ရန်အောင်(၁)လမ်းရှိ တံခွန်တိုင်ကျောင်းတိုက်၌ လေးရက်တိုင်တိုင်
ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။
အဆိုပါပြိုင်ပွဲကို အလွတ်တန်းနှင့် အသက်၁၆နှစ်အောက်ပြိုင်ပွဲဟူ၍
ခွဲခြားသတ်မှတ်ထားပြီး မည်သူမဆိုပါဝင်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း အသက်၁၆နှစ်အောက်ပြိုင်ပွဲဝင်များအနေနှင့် အသက်အတွက်ခိုင်လုံသောထောက်ခံချက်ကိုတင်ပြရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်လိုသူများအနေဖြင့်..
အလွတ်တန်းပြိုင်ပွဲအတွက် ဝင်ကြေးတစ်ထောင်ကျပ်၊အသက်၁၆နှစ်အောက်အတွက် ဝင်ကြေး ၅၀၀ကျပ်ပေးသွင်းရမည်ဖြစ်ပြီး ဆုကြေးများမှာ
အလွတ်တန်း ပထမဆု ကျပ်၁၀၀,၀၀၀ ၊ဒုတိယဆု ၇၀၀၀၀ ကျပ်၊
တတိယဆု ၅၀၀၀၀ကျပ်၊စတုတ္ထဆု ၃၀၀၀၀ကျပ်၊ပဉ္စမဆု ၂၀၀၀၀ကျပ်နှင့် အသက်၁၆နှစ်အောက်ပြိုင်ပွဲအတွက် ပထမဆု ၅၀၀၀၀ကျပ်၊ဒုတိယဆု ၃၀၀၀၀ကျပ်၊တတိယဆု ၂၀၀၀၀ကျပ် တို့ အသီးသီးချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment