စင်္ကာပူ၊ဒီဇင်ဘာ ၈
စင်္ကာပူနိုင်ငံ၌ ၃.၁၂.၂၀၁၅ နေ့ မှ ၉.၁၂.၂၀၁၅ ထိကျင်းပပြုလုပ်သော အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၌ စစ်တုရင်အားကစားပြိုင်ပွဲပြီးဆုံးခဲ့ပြီဖြစ်ရာ မြန်မာမသန်စွမ်းစစ်တုရင်အသင်းသည် ရွှေ ၊ငွေ နှင့် ကြေးတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲ၌ ပုံမှန်နှင့် အမြန်ရွှေ့ဟူ၍ ခွဲခြားထားရာ ပုံမှန်စစ်တုရင်ပြိုင်ပွဲ ၊လုံးဝမျက်မမြင်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၌ အေးလွ င်က ရွှေ တံဆိပ်တစ်ခု၊ကောင်းစံက ကြေးတံဆိပ်တစ်ခု ကိုလည်းကောင်း၊လုံးဝမျက်မမြင် အသင်းလိုက်ပြိုင်ပွဲ၌ မြန်မာအမျိုးသားအသင်းကရွှေ တံဆိပ်တစ်ခု၊မြန်မာအမျိုးသမီးအသင်းက ငွေတံဆိပ်တစ်ခု၊တစ်ဝက်တစ်ပျက်မျက်မမြင် အသင်းလိုက်ပြိုင်ပွဲ၌ မြန်မာအမျိုးသားအသင်းက ကြေး တံဆိပ်တစ်ခု အသီးသီးရရှိခဲ့ပါသည်။
အမြန်ရွှေ့ပြိုင်ပွဲ လုံးဝမျက်မမြင်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၌ အေးလွင်က ရွှေ တံဆိပ်တစ်ခု ၊တစ်ဝက်တစ်ပျက်မျက်မမြင် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၌ အေးခင်ကကြေးတံဆိပ်တစ်ခုကိုလည်းကောင်း၊လုံးဝမျက်မမြင် အသင်းလိုက်ပြိုင်ပွဲ၌ မြန်မာအမျိုးသားအသင်းက ရွှေတံဆိပ်တစ်ခု၊မြန်မာအမျိုးသမီးအသင်းက ငွေတံဆိပ်တစ်ခု...စသည်ဖြင့် စုစုပေါင်းရွှေတံဆိပ် ၄ခု၊ငွေတံဆိပ် ၂ခုနှင့် ကြေးတံဆိပ်၃ခု အသီးသီးရရှိခဲ့ကြောင်းသိရသည်။
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောအားကစားသများများမှာ လုံးဝမျက်မမြင်အသင်း(အမျိုးသား)အသင်း၌အေးလွင်၊ကောင်းစံ၊မျိုးမြင့်အောင်နှင့်လုံးဝမျက်မမြင်(အမျိုးသမီး)အသင်း၌ ဥမ္မာထွေး၊ရန်ပု၊ဇီးမဆားတို့ကလည်းကောင်း၊တစ်ဝက်တစ်ပျက်မျက်မမြင် (အမျိုးသား)အသင်း၌ မောရှေနှင့်လှမိုး၊တစ်ဝက်တစ်ပျက်မျက်မမြင်(အမျိုးသမီး)အသင်း၌အေးခင်၊ဖြိုးဝေခင်နှင့်ဖြူဖြူ
ဝင်းတို့ဖြစ်ကြပြီး ယခုကဲ့သို့ ဆုတံဆိပ်များစွမ်းဆောင်ရယူပေးခဲ့သော မြန်မာမသန်စွမ်းစစ်တုရင်အသင်းသည် ၉.၁၂.၂၀၁၅ နေ့တွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်းသတင်းရရှိသည်။
Tuesday, December 8, 2015
Home
/
News
/
၈ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာစစ်တုရင်အသင်း ဆုတံဆိပ်များဆွတ်ခူး
၈ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာစစ်တုရင်အသင်း ဆုတံဆိပ်များဆွတ်ခူး
About Unknown
Soratemplates is a blogger resources site is a provider of high quality blogger template with premium looking layout and robust design. The main mission of templatesyard is to provide the best quality blogger templates.
News
Labels:
News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment